..

Thursday, March 15, 2012

ဘ၀ရဲ့ အမွှာပူး


ဒုက္ခငမိုက်သားကို
မုချပွေ့ပိုက်မထားချင်ပေမဲ့
ဘ၀ရဲ့ပဲ့တင်သံက
ဒုက္ခကို နိုးထစေခဲ့တယ်၊

မခေါ်ပဲလာ
မောင်းထုတ်လည်းမသွား
ရည်မှန်းချက်တွေေ၀၀ါးလို့
အနာဂတ်ကို ရုပ်ပျက်စေခဲ့တဲ့ သူ၊

ဥာဏ်ပညာကို ကြင်ရာထား
ဇွဲလုံးလနဲ့ နှစ်ပါးသွားရရင်
ဒုက္ခငမိုက်သားလည်း
ထာဝရမဖေါက်ပြားနိုင်ပါဘူး၊

Monday, March 12, 2012

*The role of the Sangha (monks) in today’s society*



The Sangha -- the order of fully ordained monks and nuns -- is the visible representation of the Buddha in the world; for twenty-five centuries, it has sustained the continuity of the Dharma among humankind; by its procedures of ordination and transmission it ensures that the Buddha's legacy remains alive. The presence of the Triple Gem thus depends upon the Sangha, which symbolizes the Third Gem, the Aryan Sangha or community of noble sages who have realized the ultimate, world-transcending truth.

 The Sangha has survived for some 2500 years: that's longer than the Roman Empire, longer than all the dynasties of the Chinese emperors, longer than the British Empire. And it has survived without weapons, without financial resources, without armies, merely through the power of wisdom and virtue.

Thursday, March 8, 2012

စကြာဝဠာကို ဗုဒ္ဓနှင့် သိပ္ပံပညာရှင်ရို့၏အမြင်



စကြာဝဠာကမ္ဘာကြီးအကြောင်းကို လေ့လာကြည့်ရေခါ ဘုရားဟော လောကန္တဂမနသုတ်မှာ ရောဟိတ ဆိုရေ နတ်သားသည် အရောင်အလင်း တထိန်ထိန်နန့် မြတ်စွာဘုရားထံရောက်လာပြီး လျှောက်ထားသည်မှာ *တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံပြီး ကောင်းကင်၌
မြန်ဆန်စွာ ပျံသန်းလားလာနိုင်ရေ တပည့်တော်သည် မရပ်မနား ဆက်တိုက် လောက၏အဆုံးနန့်၊ လောက၏
ငြိမ်းချမ်းရေ နီရာကို လိုက်ရှာခပါသော်လည်း မတွိမမြင်ခပါဘုရား * ဟုဖြစ်သည်။ ဤစကား၌
လောက၏အဆုံးမရှိခြင်းနန့် ငြိမ်းချမ်းမှုတို့ အတိပြည့်သော နီရာဟူ၍မရှိဟု အဓိပ္ပါယ်ပေါ်လွင်စီပါသည်။
အခြားသော မဟာပဒါနသုတ်၊ အဂ္ဂညသုတ်တို့တွင်လည်း ကမ္ဘာလောကကြီးအကြောင်းကို တွိဟိနိုင်ပါသည်။

အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် (၃၀)



အင်တာနက်နှင့် ၀ဘ်ဆိုဒ်တွေက ခမ်းနားကြီးကျယ်သလောက် လူတိုင်းနေ့စဉ်ဘ၀မှာ နေရာ ၀င်ယူလာသည်။ အင်ဖော်မေးရှင်းတွေက ဖောင်းပွလွန်းပြီး၊ အွန်လိုင်းပေါ်မှာ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ အချိန်တွေ ပိုပေးလာကြရသည်။

သို့နှင့်တိုင် ၀ဘ်ဆိုဒ်တွေက မျိုးဆက်တိုင်းအတွက် ကမ္ဘာလုံးချီလေးနက်တဲ့ အတွေးအမြင်ရသပေါင်းစုံ ပေးခဲ့တဲ့ ဂန္တ၀င်စာအုပ်တွေကိုတော့ဖြင့် ဖယ်ရှားပစ်လို့ မရပါ။
အောက်မှာ ကမ္ဘာ့ပညာရတနာသိုက်အဖြစ် တစိတ်တပိုင်း ရည်ညွှန်းနိုင်မည့် စာအုပ်စာရင်းကို ဖော်ပြထားပါသည်။ အသက် ၃၀ မွေးနေ့ရက် မတိုင်မီ လူတိုင်း ဖတ်သင့်တဲ့ စာအုပ် (၃၀) ဟု Foreign Policy ဂျာနယ်က ညွှန်းဆိုထားပါသည်။

* ခေါင်းဆောင်ကောင်း*



ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။ ခေါင်းဆောင်များ ကို လေးမျိုး လေးစား ခွဲခြား နိုင်သည်။

Wednesday, March 7, 2012

* လူတစ်ယောက်၏ တန်ကြေး (တန်ဖိုး) *



“How much is one human life worth” လူသားဘ၀တစ်ခုသည် ဘယ်လောက် တန်ရာတန်ကြေးရှိသလဲ..? ဆိုတဲ့ မေးခွန်းကို ကမ္ဘာတစ်ဝှန်းရှိ တက္ကသိုလ်တို့၏ ထိပ်ဆုံးကနေရာကို ယူထားသော ဟားဗက်တက္ကသိုလ်ကြီးမှ Prof- Michael Sandel ၏ lecture တွင်ဖတ်ရှု နားထောင်ဖူးပါသည်၊၊

နားထောင်ဖတ်ရှုပြီး အတွေးစဉ်းစားခန်းများတသီကြီးဖွင့်ကာ ကမ္ဘာကြီးသို့ လူသားအဖြစ် ရောက်ဟိလာသော ကျွန်ုရို့၏တန်ကြေးကို စဉ်းစားနေမိသည်။