Thursday, March 15, 2012
ဘ၀ရဲ့ အမွှာပူး
ဒုက္ခငမိုက်သားကို
မုချပွေ့ပိုက်မထားချင်ပေမဲ့
ဘ၀ရဲ့ပဲ့တင်သံက
ဒုက္ခကို နိုးထစေခဲ့တယ်၊
မခေါ်ပဲလာ
မောင်းထုတ်လည်းမသွား
ရည်မှန်းချက်တွေေ၀၀ါးလို့
အနာဂတ်ကို ရုပ်ပျက်စေခဲ့တဲ့ သူ၊
ဥာဏ်ပညာကို ကြင်ရာထား
ဇွဲလုံးလနဲ့ နှစ်ပါးသွားရရင်
ဒုက္ခငမိုက်သားလည်း
ထာဝရမဖေါက်ပြားနိုင်ပါဘူး၊
တကယ်တော့....
ဒုက္ခငမိုက်သားတွေဟာ
တစ်စက္ကန့်လေးမျှ မကွာခြားတဲ့
ဘ၀ရဲ့အမွှာပူး ညီအစ်ကိုလေးတွေပါ။
15.3.2012
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment